Local News

မြန်မာ့လယ်ယာထွက်ကုန်များကို ဂျပန်ဈေးကွက်သို့ စံချိန်မီတင်ပို့နိုင်ရေး စီမံကိန်းရေးဆွဲဆောင်ရွက်မည်

Last Updated:

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရောင်းချမှု တိုးမြင့်လာစေပြီး မြန်မာ့လယ်ယာထွက်ကုန်များကို အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်ကာ ထုတ်လုပ်မှုတန်ဖိုးကွင်းဆက်တစ်လျှောက် စံချိန်စံညွှန်းဆိုင်ရာ အသိပညာပေးရန်နှင့် အလားအလာရှိသော ကုန်ပစ္စည်းအမယ်များအား ရွေးချယ်၍ ဂျပန်နိုင်ငံစျေးကွက်သို့ စံချိန်မီတင်ပို့နိုင်ရေးအတွက် “Project on Standardization for potential agricultural products export to Japan” စီမံကိန်းကို ယခုနှစ်အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

          အဆိုပါစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၁:၀၀) နာရီ တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးနှင့် တာဝန်ရှိသူများ၊ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန တာဝန်ခံနှင့် ကျွမ်းကျင်သူဒေါက်တာဥမ္မာခိုင်တို့မှ Online/ Offline ဖြင့် တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မကွေးတိုင်း၊ ပဲခူးတိုင်းမှ ဂျပန်ဈေးကွက်အတွက် အလားအလာကောင်းသည့် စိုက်ပျိုးရေး ထွက်ကုန်များကို ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။       

Category: Local News